ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

 


MNP - မတ်   ၂၈

"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်းကာ အများပြည်သူများအား သဘာဝဘေးများထဲမှ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ငလျင်ဘေး ကျရောက်နေစဉ်အတွင်း သတိပြုဆင်ခြင်ရမည့် အခြေအနေများနှင့် သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များကို သိရှိကြစေရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက ဟိုပန်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲ (Talk Show) တွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟိဏ်းသီရိကျော် က သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ မြေငလျင်ဘေး ကျရောက်နိုင်ခြင်း၏ အကြောင်းအရင်းများ၊ မြေငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ ဆိုးကျိုး ဖြစ်စေနိုင်သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ ငလျင်ရပ်ဝန်းဒေသများ၏ အကြောင်းများ၊ မြေငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်စေနိုင်သည့် ဘေးအန္တရာယ် များနှင့် ငလျင်လှုပ်နေစဉ် သတိပြုဆင်ခြင်ရမည့် အချက်များ၊ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဟိုပန်ခရိုင် ပြည်သူ့စာကြည့်တိုက် Page အွန်းလိုင်းမှတစ်ဆင့် လွှင့်တင်ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)