Pages

Pages

စဉ့်ကူးမြို့နယ် (Community Centre)ခန်းမ၌ ဝန်ထမ်းများစာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာလွင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနစာကြည့်တိုက်လုပ်ငန်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက်၏အဓိပ္ပာယ်နှင့် စာကြည့်တိုက်ပညာ အကြောင်းတို့ကို ဖတ်ကြားဆွေးနွေးသည်။


ဆက်လက်၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်တင်တင်နု က စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုး က စာပြုလုပ်ငန်း၊ စာစုလုပ်ငန်း

နှင့် စာငှားလုပ်ငန်းများအကြောင်းကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်ငြိမ်းချမ်းဝင်း က စာစုမှတ်ပုံတင်ခြင်းနှင့် အမျိုးအစားခွဲခြားခြင်းအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်အေးဇင်မာ က ရည်ညွှန်းစာအုပ်အမျိုးအစားများအကြောင်းကို လည်းကောင်း အသီးသီး ဖတ်ကြားပြီး မိမိတို့ဖတ်ရှုခဲ့သည့် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို  တစ်ဦးချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment