Pages

Pages

ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်၊ လမ်း‌မကြီးပေါ်တွင် Flower Box များ တည်‌ဆောက်




MNP - မတ်    ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေနှင့်၊ ဒေသ‌နေ ပြည်သူများ သွားလာမှု အဆင်‌ပြေစေရေး အတွက် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းများ၊ တံတားများ ဆောင်ရွက်ပေးသည့်အပြင် မြို့သာယာလှပရေး အတွက် Flower Box များ ကိုလည်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကရင်ပြည်နယ် စည်ပင်ယာရေးအဖွဲမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် (၁.၆၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ လမ်မကြီး‌ပေါ်တွင် Flower Box (၃၂) လုံး တတည်ဆောက်ခြင်း လုပ်ငန်းကို မတ်လ ၂၅ ရက်‌နေ့မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာ ယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ       အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - နော်ခူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment