Pages

Pages

မောင်တောမြို့တွင် ၂၀၂၂ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို









MNP ၊ မတ် ၁၈

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့တွင်  ၂၀၂၁ -၂၀၂၂  ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်း အဆင့်အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ  စာစစ်ဌာန(၁၈)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီ အင်္ဂလိပ်စာဘာသာကို စာစစ်ဌာနများတွင် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုကြလျက်ရှိသည်။ 

ထို့သို့ အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ  ဒုတိယနေ့ ဖြေ ဆိုနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး ကြီးကြပ်မှုဖြင့် နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ် ချုပ် ရေး အဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက  နှာခေါင်းစည်း ဝတ်ဆင်မလာကြသော ကျောင်း သား/ သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး  စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံ ကွင်းဆင်း၍ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ၂၀၂၂ ခုနှစ်  အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ ကို စာ စစ် ဌာန(၁၈)ခုတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ ကြီးကြပ်လျက် တာဝန်ရှိသူများက  စာရင်းရှိ  ကျောင်းသား (၆၉၈) ဦး နှင့် ကျောင်းသူ(၃၀၅)ဦး စုစုပေါင်း (၁၀၀၃)ဦး ရှိသည့်အနက် ယနေ့ အင်္ဂလိပ်စာဘာသာအား လာရောက် ဖြေ ဆိုသူ ကျောင်း သား(၆၂၂)ဦး နှင့် ကျောင်းသူ(၂၈၄) ဦး စုစုပေါင်း(၉၀၆)ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား(၇၆)ဦး နှင့် ကျောင်း သူ(၂၁)ဦး စုစုပေါင်း (၉၇)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၃၃)ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ(၉.၆၇)ဖြစ်ကြောင်း တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ ၂၃ ရက်နေ့ထိ စစ်ဆေး ဖြေဆို ကြရမည် ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။  ထို့အတူ ကျောင်းတွင်းစာမေးပွဲ အတန်းပြီးမြောက်ကြောင်း စာမေးပွဲအား Grade-4 မှ Grade 10 အထိအား  ၎င်းတို့၏ စာသင်ချိန်အတိုင်း တစ်နေ့လျှင် မနက်/နေ့လည်(၂)ဘာသာစီဖြင့် ဖြေဆို လျက်ရှိကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment