“အပြည်ပြည်ဆိုင်ရာသစ်တောများနေ့”(International Day of forests 2022) အထိမ်းအမှတ်အခမ်းအနားကျင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

“အပြည်ပြည်ဆိုင်ရာသစ်တောများနေ့”(International Day of forests 2022) အထိမ်းအမှတ်အခမ်းအနားကျင်း



MNP - မတ်    ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ “international. Day of forests 2022” အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက်၉နာရီက ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ရွှေဟင်္သါ)ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်မောင်မောင်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်မှာ ကမ္ဘာပတ် ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနဲ့အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲမှုများနဲ့ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံ ရလျက်ရှိကြောင်း၊ မြေထု၊ ရေထု၊ လေထုများ ညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း မီးတောင်များ ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးများ မကြာခဏလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တာရာယ်များကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် အဆိုပါ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ သစ်တောတွေရဲ့ အရေးကြီးအခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြုလာကြစေရန်အတွက် ယနေ့အခမ်းအနားကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသူများအား အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အသိပညာပေး Short Vedio ကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့(international Day of foresrts)အခမ်းအနားသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား(၅၀)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြ ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

သတင်း - ချိုမြတ်မြတ်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)