Pages

Pages

မြန်မာကုန်ပစ္စည်းအလိုအလျှောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ် MACCS ကို မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတိုတွင် ဧပြီ ၁ ရက်မှစ၍ စတင်အသုံးပြုမည်



MNP - မတ်    ၃၀

မြန်မာကုန်ပစ္စည်းအလိုအလျှောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ် "Myanmar Automated Cargo Clearance System (MACCS)" ကို မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် လာမည့် ဧပြီ ၁ ရက်မှစ၍ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။ 

MACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် ကုန်သွယ်မှုများ ပိုမိုမြန်ဆန်လာပြီး Data အချက်အလက်များလည်း ပိုမိုတိကျမှန်ကန်မှုများ ရှိလာမည်ဖြစ်သည့်အပြင် ၎င်း Data အချက်အလက်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ကာ Logistic ပိုင်းများလည်း ပိုကောင်းလာမည်ဖြစ်သည်။

အဆိုပါ MACCS စနစ်ကို ရန်ကုန်ဧရိယာ၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင်လည်းကောင်း၊ မြဝတီနယ်စပ်ဒေသတွင် ၂၀၁၈ ခုနှစ် ဇွန်လတွင်လည်းကောင်း စတင်အသုံးပြုဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် မူဆယ်နယ်စပ်ဒေနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment