ဟိုပုံးမြို့နယ်၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ ‌မွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးသူငယ် များအား ကျေးရွာအ‌ရောက် ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပုံးမြို့နယ်၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ ‌မွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးသူငယ် များအား ကျေးရွာအ‌ရောက် ထောက်ပံ့ငွေပေးအပ်



MNP - မတ်   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ ‌မွေးဖွားလာသည့်  အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျေးရွာအရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်တန်းကျေးရွာတွင် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအားမွေးစမှ ရက်ပေါင်း တစ်ထောင်အတွင်း အာဟာရဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ထောက်ပံ့ပေးရခြင်းဖြစ်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောက်တန်းကျေးရွာ အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် (၄၃) ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် (၂) နှစ်အောက် ကလေးသူငယ် (၅၃) ဦးတို့အား ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)