Pages

Pages

ဘုတလင်မြို့နယ်အတွင်း PDF အဖွဲ့များ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ် လက်နက်ခဲယမ်းများ နှင့် လက်လုပ်ဗုံး များသိမ်းဆည်းရမိ








MNP ၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်တွင် မတ်လ ၁၉ ရက်နေ့ ညနေက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများထိတွေ့မှုဖြစ်ပွားကာ လက်နက်ခဲယမ်းများ၊ လက်လုပ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ 


ဘုတလင်မြိုနယ်၊ ငပုရင်းကျေးရွာ အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ် ငပုရင်းကျေးရွာတွင် ကင်းစောင့်တဲတွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ PDFအလောင်း ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး တို့ကိုလည်းကောင်း၊   လုံခြုံရေးတပ်ဖွဲဝင်များသည်ဆက်လက်ရှင်းလင်းမှုပြုလုပ်ရာ  ဆိတ်သာကန်ကျေးရွာအနီးအရောက်တွင် ထိတွေ့မှုထပ်မံဖြစ်ပွားရာ PDF အဖွဲ့မှ ရုပ်အလောင်း ၄ လောင်း၊ လက်လုပ်ရှော့တိုက်စိန်ပြောင်း ၂ လက်ရရှိသည့်အပြင် မုံရွာ-ဘုတလင်ကားလမ်း တလျှောက်တွင် ၎င်းအဖွဲများထောင်ထားသည့်  လက်လုပ်မိုင်း ၃၂ လုံးအား ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment