Pages

Pages

ဂွမြို့နယ်တွင် (၁၈)နှစ်အထက် ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုPhase(6)နှင့် Phase(7)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား (ဒုတိယအကြိမ်) ဆက်လက် ထိုးနှံပေးလျက်ရှိ





MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  အသက် (၁၈)နှစ် အထက် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Phase(6) (Covishield)နှင့်Phase(7)(Sinovac)/( Covaxin )တို့ကို ဒုတိယအကြိမ်အဖြစ် စုရပ် ၃ခု၌ မတ်လ၁၅ရက် နှင့် ယနေ့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

မတ်လ(၁၅)ရက်နေ့က Phase-6(Covishield) ဒုတိယအကြိမ်တွင် အခြားဝင်ငွေရ(၁၁)ဦး၊ အခြား/ မိသားစု/ မှီခို(၉)ဦး စုစုပေါင်း(၂၀)ဦးအားလည်းကောင်း၊ Phase-7(Covaxin) ဒုတိယအကြိမ်တွင် သာသနာ့ဝန်ထမ်း(၂)ဦး၊ နိုင်ငံ့ဝန်ထမ်း/ မိသားစု(၄)ဦး၊  ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း(၃)ဦး၊ supermarket/ဈေး(၂၀)ဦး၊ ပို့ကုန်/သွင်းကုန်ဝန်ထမ်း(၁၈)ဦး၊ အခြားဝင်ငွေရ(၅၂၅)ဦး၊ အခြား/ မိသားစု/ မှီခို(၃၄၈)ဦး စုစုပေါင်း(၉၂၀)ဦးအားလည်းကောင်း၊ကျောင်းသား၊ ကျောင်းသူများအား Phase(7)(Sinovac) ဒုတိယအကြိမ်တွင် အလယ်တန်း ကျောင်းသား၊ကျောင်းသူ(၁၈)ဦး၊ အထက်တန်း ကျောင်းသား၊ကျောင်းသူ(၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၂၅)ဦး အားလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ထမ်း များနှင့်သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင် ရွက် ပေးကာ ပုံမှန် ကျန်းမာရေးအခြေ အနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment