စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကာကွယ်‌ရေးအသိပညာပေးTalk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ်ကာကွယ်‌ရေးအသိပညာပေးTalk Show ဆောင်ရွက်


MNP ၊ မတ်လ ၁၈    

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူး‌ပေါင်း၍ အသိပညာပေးTalk Showကို မတ်လ(၁၈)ရက်နေ့ နေ့လည် (၁၃၀၀)နာရီ ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌‌ခြေပြုဗဟိုဌာနတွင် ‌ကျင်းပပြုလုပ်သည်။

       

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

       

ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းက မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန်(၄)ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ ရပ်ကွက်ကျေးရွာအလိုက် မီးဘေးအသိပညာပေးဆော်ဩခြင်းများဆောင်ရွက်နေမှုများ၊  သင့်(၄)သင့်ဆို‌သည့်‌‌ဆောင်ပုဒ်အတိုငိး လူအသင့်၊ယာဉ်အသင့်၊ စက်အသင့်၊စက်သုံးဆီအသင့်၊ ရေအသင့်များဖြင့် ပြည်သူကိုကူညီရန်အမြဲအသင့်ဆောင်ရွက်ထားရှိမှုများ၊ ပြည်သူများလိုက်နာရမည့်စည်းကမ်းများ၊ ပြည်သူများအ‌နေဖြင့် မီးဘေးအန္တရာယ်‌ကာကွယ်တားဆီးရန် တစ်‌ယောက်ချင်းစီမှာ တာဝန်ရှိသဖြင့် အားလုံးပူးပေါင်းပါဝင်ကြစေလိုကြောင်းအကျယ်တဝင့်‌ဆွေးနွးခဲ့သည်။

     

စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်Online အသိပညာပေး Talk Showများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုTalk Showသည် မတ်လအတွင်း တတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

           

သတင်း - ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)