ကော့ကရိတ်မြို့၌ လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲရေး အသိပညာပေး (Talk Show)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲရေး အသိပညာပေး (Talk Show)ကျင်းပ

 


MNP -  မတ်  ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်းကျင်းပသည့် လျှပ်စစ်ဓါတ်အားချွေတာသုံးစွဲရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇော်ကိုက ကော့ကရိတ်မြို့နယ် အတွင်း မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၄၀)ကျော်တို့ရှိ မီးသုံးစွဲသူ (၂)သောင်းကျော်တို့ကို အုပ်စု (၃)အုပ်စုခွဲ၍ အလှည့်ကျဖြင့်  လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေမှုများ၊ မြန်မာနိုင်ငံအတွင်း ဓါတ်အား ပေးစက်ရုံများမှ လျှပ်စစ်ဓါတ်အား ထုတ်ပေးနိုင်မှုအခြေအနေများ၊  ပြည်သူများအနေဖြင့်  လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲရေး အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဓါတ်အားသုံးစွဲမှုနှင့် ပတ်သက်သည့် အကြောင်း အရာများနှင့် လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့သည်။

ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show)များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စောအောင်မျိုးလွင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)