Pages

Pages

ညောင်တုန်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေး Talk Show ပြုလုပ်

 


MNP - မတ်    ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌  တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်တိုင်းရင်း‌ဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နွယ်သန္တာဦးတို့က Talk Show ကျင်းပရခြင်းရည်ရွယ်ချက်နှင့် မြို့နယ်တိုင်းရင်း‌ဆေးကုဌာန၏ လုပ်ငန်းများအကြောင်း၊ နွေရာသီတွင် ဖြစ်ပွားတက်သည့် ရောဂါများအကြောင်း၊ ရောဂါမဖြစ်ပွား စေရန် ပြုမူနေထိုင်မှု နည်းလမ်းများအ‌ကြောင်း၊ သုံးစွဲသင့်သည့် တိုင်းရင်းဆေးများအကြောင်း စသည့် ကျန်းမာ‌ရေး အသိပညာပေး အကြောင်းအရာများကို ဆွေးနွေး ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment