ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တာချီလိတ်မြို့ TSDP အားကစားပွဲတော်ဖွင့်ပွဲ တက်ရောက်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တာချီလိတ်မြို့ TSDP အားကစားပွဲတော်ဖွင့်ပွဲ တက်ရောက်အားပေး



MNP - မတ်    ၂၁

တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစား ကွင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်အားပေး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အား ကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုသည်။ ထို့နောက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့က တာချီလိတ် ခရိုင်နှင့် မြို့နယ်များသို့ အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပြိုင်ပွဲဝင် အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ် ဆန်ဆိုင်းအောင်တိုအသင်းနှင့် လားဟူလူငယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ စနူကာ၊ စားပွဲတင်တင်းနစ်၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မာရသွန်စသည့် အားကစားပြိုင်ပွဲ အမျိုးအစား(၈)မျိုးပါဝင်ပြီး အားကစားသမားပေါင်း (၆၉၅)ဦးက ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများကို ၂၀၂၂ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)