လိပ်သိုမြို့အတွင်း ကျေးရွာ(၃)ရွာ၌ (VDP) စီမံကိန်းလု်ပငန်းများ ရာနှုန်းပြည့်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့အတွင်း ကျေးရွာ(၃)ရွာ၌ (VDP) စီမံကိန်းလု်ပငန်းများ ရာနှုန်းပြည့်ပြီးစီး

 


MNP - မတ်    ၂၈

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ် ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာအုပ်စု (၃)အုပ်စုရှိ ကျေးရွာ(၃)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုလ တတိယအပတ်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ခု၊ (၆)လ ဘဏ္ဍာရေးနှစ် အတွင်း သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း  (VDP)    ဖြင့် ကျေးရွာတွင် စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ်သိန်း  (၃၀၀)နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာများဖြစ်သော လ္ဘက်အင်းကြီးကျေးရွာနှင့် သာမိုးတောင်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာတွင် လျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း၊ သစ်အယ်တောင်အောက် ကျေးရွာတွင် စိမ့်စမ်းရေးသွယ်ယူခြင်း လုပ်ငန်းများအား   ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍  ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၂၂၀) နှင့် လူဦးရေ(၈၀၀)  ဦးတို့အား အကျိုးပြုစေမည်ဖြစ်ကြောင်း မြိုနယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၏  ပြောပြချက်အရ သိရသည်။

သတင်း - နီလာအေး

 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)