တိုက်ကြီးမြို့နယ်တွင် Astra Zeneca အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် Astra Zeneca အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ


MNP - ဧပြီ    ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်အတွင်း ရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်အုပ်စုများအလိုက် Astra Zeneca အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာများတွင်  ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ရန်ကုန်-ပြည် လမ်းအိုးတန်းရပ်ကွက် မြို့နယ်သာသနာ ဗိမာန်တော်တွင်  ဧပြီ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အသက် ၁၈ နှစ်အထက်ပြည်သူ (၂၁၀) ဦးအား ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များက ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း မှတ်တမ်းစာရင်းရေးသွင်း ကောက်ယူခြင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြုလုပ်ပေးနိုင်ရေး စာရင်းများကောက်ယူခြင်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)