Pages

Pages

ဘုတ်ပြင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ






MNP  -   ဧပြီ   ၁၇

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးဆွမ်းအလှူနှင့်သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်(၅) နာရီက  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဘုတ်ပြင်း မြို့နယ်အုန်းတောကမ်းကျေးရွာ သာသနာ့အလင်းရောင်ကျောင်းဆရာတော်  ဘဒ္ဒန္တအာစာရ ထံမှ ငါးပါးသီလ ဆောက်တည်၍ နှစ်ဦးပရိတ်တရားတော်များနာယူကြသည်။ ယင်းနောက် ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဆရာတော် သံဃာတော်များ အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများက ကန်တောချိုးဖြင့် ကန်တောကြပြီး  ဘိုဘွားများအား ကန့်တောခံပစ္စည်များနှင့် ဆေးဝါးများပေးအပ်ကြသည်။ ယင်းနောက် ကန်တောခံအဖွားတစ်ဦးမှက ဆုတောင်းမေတ္တာချီးမြင့်ပေးပြီး အခမ်းအနားသို့ မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကန်တော့ခံပစ္စည်းများ ဆေးဝါးများကို အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍  ဆရာတော် သံဃာတော် အရှင်သူမြတ်များက မော်တော်ယာဉ်ဖြင့် မြို့တွင်းသို့ လှည့်လည်၍  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment