သံတောင်ဒေသထွက်မရမ်းသီးအခြောက်များ ပုံမှန်ဈေးသာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ဒေသထွက်မရမ်းသီးအခြောက်များ ပုံမှန်ဈေးသာရရှိ



MNP -  ဧပြီ   ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ယခုအချိန်ရာသီပေါ်သီးနှံတစ်ခုဖြစ်သော မရမ်းသီးမှည့်များရောင်းချ၍ ဒေသခံများမိသားစု အပိုဝင်ရရှိကြောင်းသိရသည်။ သံတောင်ဒေသတွင် မိမိအိမ်ခြံဝင်းများ၌လည်းကောင်း၊ ဥယျာဉ်ခြံများ၌လည်းကောင်းမရမ်းပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် မရမ်းသီးအစိမ်းအား ရောင်းချကြသည်။ ယခုအခါ မရမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍ ခူး၍ထက်ခြမ်းခွဲကာ အခြောက်လှန်းပြီး မရမ်းသီးအခြောက် တစ်ပိဿာလျှင် ကျပ် (၃၀၀၀)ခန့်ရရှိကြောင်း၊ အဆိုပါမရမ်းသီးအခြောက်များအား ဟင်းချက်ရာတွင် လည်းကောင်း၊ မရမ်းယိုပြုလုပ်ရာတွင်လည်းကောင်း ပြန်လည်အသုံးပြုကြောင်း သိရှိရသည်။

မရမ်းသီးပင်များသည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ယခုနှစ်တွင် မရမ်းသီးများအထွက်နှုန်း လျော့နည်း သော်လည်းပုံမှန်ဈေးနှုန်းသာရရှိကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရှိရသည်။

သတင်း - နီလာအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)