Pages

Pages

ချောက်၌ လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ရေပေးဝေမှုဖြင့် နွေသီးနှံ နှမ်း၊ ပဲတီစိမ်းတို့ ပိုမိုစိုက်ပျိုး




MNP - ဧပြီ    ၁၉

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ပခန်းငယ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့မှ ရေပေးဝေမှုဖြင့်နွေသီးနှံ နှမ်းနှင့် ပဲတီစိမ်းတို့ကို ပိုမိုစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

ယခုနှစ်တွင် နွေနှမ်း ၄၀၈ဧက၊နွေပဲတီစိမ်း ၁၄၅၀ ဧက စုစုပေါင်း ၁၈၅၈ ဧကစိုက်ပျိုးပြီးစီး၍ ယခင်နှစ်ကထက် ၁၃၈၈ ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ နွေနှမ်းမျိုးစေ့များတွင် စမုံနက်၊ ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄)၊ သိပ္ပံနှမ်းနက်မျိုးများကိုလည်းကောင်း၊ နွေပဲတီစိမ်းမျိုးစေ့များတွင် ရေဆင်း(၁၁)၊ ရေဆင်း(၁၄)မျိုးများကိုလည်းကောင်း စိုက်ပျိုးပြီး မြို့နယ် စိုက်ပျိုးရေးဌာနမှ နည်းပညာ၊ အကြံဉာဏ်ပေးခြင်းများ၊ မျိုးစေ့အနေဖြင့် ဆင်းရတနာ(၃)၊ ဆင်းရတနာ(၁၄) မျိုးစေ့များ ပံ့ပိုးခြင်း၊ မြေသြဇာထောက်ပံ့ခြင်းတို့အား ဆောင်ရွက်ပေး ခဲ့ကြောင်း၊ အကျိုးတော်ဆောင် တောင်သူများ၏  မျိုးကောင်းမျိုးသန့် အထူးဇုန်အဖြစ် ဧက၄၀ထောက်ပံ့ပေးအပ်ခြင်းများအား ဆောင်ရွက်ပေးခဲ့သည်။

နွေသီးနှံစိုက်ပျိုးမှုအနေဖြင့် ယခုနှစ်တွင် နွေပဲတီစိမ်း ၁၄၅၀ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment