Pages

Pages

ကသာမြို့၊ ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး



MNP - ဧပြီ  ၁၀

နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရန်အတွက် ကသာခရိုင်နှင့် ကောလင်းခရိုင်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၃)ခုအား ခွင့်ပြုရန်ပုံငွေကျပ် ၇၁၉ ဒသမ ၁၉၀ သန်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရုံးပေါင်းစုံလမ်း ဝ/၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၂၄ ဒသမ ၅၈၀ သန်းဖြင့် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အနီးကပ်ကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment