ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း (၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်



MNP -  ဧပြီ   ၂၆

 မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာတွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉ သန်းဖြင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း ၊ ဆိုလာပန့်တပ်ဆင်ခြင်း ၊ ရေပိုက်လိုင်းသွယ်တန်းခြင်း ၊ ခြံစည်းရိုးကာရံခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၊ ပွင့်ဖြူမြို့နယ် ဆင်လူး(မ)ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၃ သန်းဖြင့် လက်ရှိစက်ရေတွင်းအား 3 HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ 5 KW ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ ကျေးလက် ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် တင်ဒါလုပ်ငန်းကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး‌မောင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး၊ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၂) ခု ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် ဆင်လူး(မ)ကျေးရွာရှိ အိမ်ခြေ ၃၇၈ အိမ်မှ လူဦးရေ ၁၆၀၀ အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့် ရရှိစေမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

သတင်း -  လှိုင်ဝင်းလေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)