ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဲကုန်းမြို့နယ်မှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဲကုန်းမြို့နယ်မှ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်




MNP ၊ ဧပြီ ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသဲကုန်းမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ခြေ(၃၂)လုံးနှင့်လူ(၈၂)ဦး၊အင်းမမြို့ရှိ မိုးကြိုးသင့်သေဆုံးသူတစ်ဦးနှင့် အိမ်ခြေ(၁၃)အိမ်နှင့်လူ(၃၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဘိုးငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယနေ့နေ့လည်၂နာရီက သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌  ထောက်ပံ့ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးသောင်းရွှေ၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေးတို့က ၈ရက်နေ့တွင်ဖြစ်ပွားခဲ့သော အင်းမမြို့ကျေးသာအုပ်စု၊ရေတာရှည်ရွာမှ မိုးကြိုးထိသေဆုံးသူအား ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်၊အင်းမမြို့လေဘေးသင့်အိမ်ခြေ(၁၃)လုံးနှင့်လူဦးရေ(၃၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဘိုးငွေ(၅၉၉၃၀၀)ကျပ်၊သဲကုန်းမြို့အတွင်း လေဘေးသင့်အိမ်ခြေ(၃၂)လုံးနှင့်လူဦးရေ(၈၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဘိုးငွေ(၁၀၇၇၂၀၀)ကျပ် အား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


သတင်း - ဝင့်နန္ဒာဌေး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)