Pages

Pages

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ




MNP ၊  ဧပြီ   ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဧပြီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပြီး စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စာပေချစ်သူများ(Book Club)အဖွဲ့ နာယက ဦးစောဘသိန်းက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်စာပေချစ်သူများ(Book Club)အဖွဲ့ နာယက ဦးစောဘသိန်း၊ မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်နှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၏ အဖွဲ့ဝင်များတို့က စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် "ပျော်ရွှင်ခြင်း" စာအုပ်ကို အခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြ‌သည်။


ဆက်လက်၍ စာရေးသူ ရွှေထုံခင်သီတာလှိုင် က ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ သုတရသ စာအုပ်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment