Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် (၄၄)ကြိမ်မြောက် သက်ကြီးဘိုးဘွား(၁၁၄)ဦးအား ပူဇော်ကန်တော့ပွဲကျင်းပပြုလုပ်









MNP ၊ ဧပြီ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင်(၄၄)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား  ပူဇော် ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ဂါရဝမင်္ဂလာစကားပြောကြားခဲ့သည်။ ထို့နောက်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်အုန်းကြည်က ဂါဝရစကားနှင့် သက်ကြီးပူဇော်ပွဲကျင်းပခဲ့ပုံ အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားပြီး သက်ကြီး ဘိုးဘွားများအား  ကန့်တောချိုးရွက်ဆို၍ လက်အုပ်ချီ ကန့်တော့ခဲ့ကြရာ သက်ကြီးဘိုးဘွားများကိုယ်စား  အဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသည်။ 

ဆက်လက်၍ သက်ကြီးဘိုးဘွားများအား လှူဖွယ် ဝတ္တူများဖြင့် ပူဇော်ကန့်တော့ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ကောက်ခံရရှိငွေ  ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ လှူဒါန်းငွေ နှင့် သက်ကြီး ပူဇော်ပွဲ ကျင်းပရေး ဦးစီးကော်မတီတို့မှ အဘိုး၊ အဘွားတစ်ဦးလျှင် စုစုပေါင်းကန်တော့ငွေ (၁၁၀၀၀၀) နှုန်းဖြင့်  သက်ကြီးဘိုးဘွား(၁၁၄)ဦးအတွက် ငွေကျပ်  (၁၂,၅၄၀,၀၀၀)ကျပ်အား ပူဇော် ကန့် တော့ခဲ့ကြသည်။ 

ပူဇော်ပွဲသို့ အပူဇော်ခံ အဘိုး(၃၃)ဦး ၊အဘွား(၈၁)ဦး ၊ပေါင်း(၁၁၄)ဦး၊  ခရိုင် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဦးစည်သူလင်းနှင့် အဖွဲ့ ဝင်များ ၊ တာဝန်ရှိသူများ  ၊ မြို့သူ/သားများ စုစု ပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီးမီးသတ်တပ်ဖွဲ့ဝင်များ၊ ကရုဏာကွန်ရက်လူမှုကူညီ‌ရေးအသင်းနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရောက်သည့် ပူဇော်ခံ သက်ကြီး များ အနက် အသက်အကြီးဆုံး အဘိုးမှာ ဦးမောင်ဖြူသီး အသက်(၁၀၀)နှစ် ရွာသာယာကျေးရွာနေသူနှင့် အသက်အကြီးဆုံး အဘွားမှာ  ဒေါ်လှစိန် အသက်(၉၇)နှစ် ၊ မကျည်းကုန်ကျေးရွာနေသူဖြစ်ပြီး အခမ်းအနားသို့  မတက်ရောက်နိုင်သည့် ဘိုးဘွားများအား တာဝန်ရှိ သူများက အိမ်တိုင်ရာရောက် ကန့်တော့သွားမည်ဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီ ထံမှ သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment