အောင်လံမြို့နယ် ရွာသစ်(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)နှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ် ရွာသစ်(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)နှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲကျင်းပ




           

MNP - ဧပြီ    ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ရွာသစ်(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်း ကျောင်းခွဲ ရွာသစ်(တ)ကျေးရွာတွင် ကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ဖွင့်လှစ်ရခြင်းနှင့် နှစ်ထပ်ကျောင်း ဆောင် (၁၀၀x၃၀) ပေ RCC ကိုစံရာရိပ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားကာ ကျောင်းကော်မတီဝင်တစ်ဦးမှ ကျေးရွာကိုယ်စား အထူးပင် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)