မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အတွင်း သတင်းမှန် ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍ တိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အတွင်း သတင်းမှန် ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍ တိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်




MNP - ဧပြီ   ၂၆


မွန်ပြည်နယ်အတွင်း သတင်းမှန်ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍ တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာကဏ္ဍသည် အရေးပါကြောင်း၊ မီဒီယာကဏ္ဍတွင် ကိုယ်ပိုင်လှုမှုကွန်ယက် စာမျက်နှာများ လုပ်ဆောင်ချက်များကိုလည်း တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ မဟုတ်မမှန် သတင်း ဖော်ပြထားသော မီဒီယာများ တည်ထောင်ထားသည်များကိုလည်း ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မီဒီယာကဏ္ဏတိုးတက်ရေး တွင်လည်း အထူးလိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအကြား သတင်းအမှန်သိရှိရေးအတွက် သတင်းမှန်ထုတ်ပြန်နိုင်ရေးလည်း လုပ်ဆောင်စေလိုကြောင်း၊ တက်ရောက်လာသူများ အနေဖြင့်လည်း သတင်းမီဒီယာကဏ္ဍ တိုးတက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထိုနောက် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးတို့က ပြည်နယ်အတွင်း လုံခြုံရေး သတင်းများနှင့် ပတ်သက်သည့် သတင်းအမှားများအား သတင်းမှန်ထုထ်ပြန်နိုင်ရေး၊ ပြည်သူများ သတင်းမှန် သိရှိစေရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဆွေးနွေး တင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


မွန်ပြည်နယ်အနေဖြင့် သတင်းတိကျမှန်ကန်မှုရှိစေရေး အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေး သက်ဆိုင်ရာ ဌာနများမှလည်း ဝိုင်းဝန်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)