Pages

Pages

မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အိမ်မဲမြို့နယ်အတွင်း ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ





MNP -  ဧပြီ   ၁၇ 

ယနေ့မြန်မာနှစ်ဆန်းတစ်ရက်‌နေ့၌ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ တန်ခိုးကြီး ဘုရားစေတီများတွင် ဥပုသ်သီတင်းသီလစောင့်သူများ၊ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားသူများ၊ နှစ်ဦးဆွမ်းလှူဒါန်းကြသူများ၊ စတုဒိသာ ကျွေးမွေးကြသူများ၊ ဇီဝိတဒါနငါးလွတ်သူများ၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲများစသည့် ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်း - ဌေးဌေးလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment