ပရဟိတ သိမ်ကုန်းဆရာတော် ဦးစီးတည်ထောင်သော အောက်စီဂျင်စက်ရုံဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရဟိတ သိမ်ကုန်းဆရာတော် ဦးစီးတည်ထောင်သော အောက်စီဂျင်စက်ရုံဖွင့်ပွဲ ကျင်းပ







                            

MNP ၊ ဧပြီ  ၁၀

ပရဟိတသိမ်ကုန်းဆရာတော်ဦးစီးတည်ထောင်သောအောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီက သံတွဲမြို့နယ် မြုံပြင်ကျေးရွာအုပ်စု ၊ ဗားတောင်းတောင်ရှိ အဆိုပါစက်ရုံရှေ့၌ ကျင်းပပြုလုပ် ခဲ့သည်။


ရှေးဦးစွာ သိမ်ကုန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္ဒတေဇိန္ဒ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်၊ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းသန့်ကျော်၊ အဆောက်အဦအလှူရှင် ဦးခင်မောင်တို့က အောက်စီဂျင်စက်ရုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 


ထို့နောက်အောက်စီဂျင်စက်ရုံတည်ဆောက်ရေးနာယက သိ မ်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္ဒတေဇိန္ဒက အဖွင့်ဩဝါဒစကားမိန့်ကြားတော်မူပြီး ၊အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းသန့်ကျော်က အောက်စီဂျင်စက်ရုံဖြစ်ပေါ်လာရခြင်းနှင့်  ပတ်သက်၍ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့် မြို့မိမြို့ဖ ဦးဖိုးရီအောင်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

ပြီးနောက် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အများဆုံးလှူဒါန်းပေးသောအလှူရှင် ဦးခင်မောင်နှင့်ဇနီးဒေါ်သီတာတိုး( ကောင်းမြတ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစု)နှင့် KTK Electrical Enginnering Co.Ltd မိသားစုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှဟန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါက်တာစိုးမြင့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြသည်။


အခမ်းအနားအပြီးတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့်တာဝန်ရှိသူများသည် အောက်စီဂျင်စက်ရုံအတွင်း အောက်စီဂျင် ထုတ်လုပ်နေမှု တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါအောက်စီဂျင်စက်ရုံကို ၂၃-၇-၂၀၂၁ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး ၉-၁၁-၂၀၂၁ ရက်နေ့တွင် စတင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်။ ထိုသို့စက်ရုံတည်ဆောက်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း (၁၀၀)အပါဝင် အလှူရှင်များ စုပေါင်းလှူဒါန်း မှုများဖြင့် စုစုပေါင်းကျပ်သိန်း(၁၅၀၀)အကုန်အကျခံတည်ဆောက်နိုင်ခဲ့ပြီး ယခုအခါ တစ်ရက်လျှင် အောက်စီဂျင် ၄၀လီတာအိုး (၁၂၀)ထုတ်လုပ်နိုင်သည့် သံတွဲမြို့နယ်ရှိအကြီးဆုံးစက်ရုံတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံမှထွက်ရှိလာသည့် အောက်စီဂျင်များကို သံတွဲမြို့နယ်အပြင် ကျိန္တလီမြို့၊ ဆပ်သွား တိုက်နယ်ဆေးရုံနှင့်ဂွမြို့အတွင်းရှိ ကို-၁၉လူနာများအပြင်  အောက်စီဂျင်လိုအပ်သော လူနာ များအတွက် အခမဲ့ ထုတ်လုပ် လှူဒါန်းပေးလျက်ရှိကြောင်း၊အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းသန့်ကျော်ထံမှသိရှိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)