Pages

Pages

သဲကုန်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP -  ဧပြီ   ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)သဲကုန်းမြို့နယ် စာဖြေဌာနတွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့နယ် မိုးကောင်းရိပ်သာကျောင်းတိုက်၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်က အဖွင့်ဩဝါဒစကားပြော၍ အကျိုးတော်ဆောင်ဆရာတော်က စာဖြေကိစ္စရပ်များအား ရှင်းလင်းကာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသူများက ၁၃၈၄(၂၀၂၂)ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)အတွက် အထွေထွေကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပါဠိပထမပြန်စာမေးပွဲကို ဘာသာရပ်များအလိုက် မေလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment