ညောင်ဦးခရိုင် မီးသတ်စခန်း ဝန်ထမ်းမိသားစုမှ သင်္ကြန်အကြိုနေ့ မုန့်လုံးရေပေါ် စတုဒိသာကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးခရိုင် မီးသတ်စခန်း ဝန်ထမ်းမိသားစုမှ သင်္ကြန်အကြိုနေ့ မုန့်လုံးရေပေါ် စတုဒိသာကျွေး




MNP - ဧပြီ    ၁၃

၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစုများသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ခရီးသွားဘုရားဖူးများကို မုန့်လုံးရေပေါ် စတုဒီသာပြုလုပ် ကျွေးမွေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ညောင်ဦးခရိုင်အတွင်းရှိ မီးသတ်ဝန်ထမ်း မိသားစုများသည် သင်္ကြန်အကြိုနေ့တွင် ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမကြီးဘေး၊ ခရိုင်မီးသတ်ဦးစီးဌာန၊ စခန်းရှေ့တွင် သင်္ကြန်တွင်း အကြိုနေ့အဖြစ် မုန့်လုံးရေပေါ် စတုဒိသာပြုလုပ်ပြီး ကားများရပ်တန့် စားစေခြင်း၊ မရပ်သည့်ကားများ၊ ဆိုင်ကယ်များ၊ တုတ်တုတ်များ၊ ခရီးသည်တင်ကားများအား မုန့်လုံးရေပေါ်များ အိတ်ဖြင့်ထည့်ပြီး ဝေမျှပေးခြင်း၊ စတုဒိသာပြုလုပ် ကုသိုယ်ပြုခဲ့ကြောင်း သိရသည်။ မုန့်လုံးရေပေါ်စတုဒိသာ ကျွေးခြင်းများအား အကြို၊ အကျ၊ အကြတ်နေ့များတွင်လည်း မုန့်လုံးရေပေါ် စတုဒိသာပြုလုပ်ကျွေးမွေး ဝေငှသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)