Pages

Pages

မိုးညိုမြို့နယ်တွင် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၈၀၀၀) ပျိုးထောင်ထားရှိ



MNP - ဧပြီ   ၂၆     

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံးမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အတွက် ပျိုးပင်ပေါင်း(၈၀၀၀) ဖြန့်ဝေ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်းသိရသည်။

အဆိုပါပျိုးပင်များကို မင်းလှမြို့နယ် ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် အပင်(၅၀၀၀) ပျိုးထောင်ထားရှိပြီး၊ မိုးညိုမြို့နယ်  သစ်‌တောဦးစီးဌာန ရုံးတွင်  (၃၀၀၀)ပင်စိုက်ပျိုးထားရှိသည်။ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် လာမည့်မိုးဦး ရာသီတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ကျေးလက်ပြည်သူလူထုများသို့ ဖြန့်ဝေပေးရန် ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ စိန်တန်ကြူ၊ ငုရွှေဝါ၊ ပိတောက်၊ မန်ဂျန်ရှား၊ ကံ့ကော် စသည့် ပျိုးပင်ပေါင်း(၈၀၀၀)အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှသိရသည်။

သတင်း - ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment