မိုးမိတ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ    ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့ဝါသနာပါရာ အားကစားနည်းများအလိုက် အခြေခံ အားကစားသင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ မိုးလုံလေလုံအားကစားကွင်း၌ သင်းတန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်က နိုင်ငံတော်က လူငယ်နှင့်အားကစားကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နေသည် ဖြစ်သဖြင့် နွေရာသီကျောင်းပတ်ရက်မှာ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက် မပြတ်ပေါ်ထွန်းလာစေရေးကိုရည်ရွယ်၍  နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင် ဖြစ်သည် ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်သူများအား ဂုဏ်ပြု လက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အားကစားနည်း များအလိုက် သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့ကစတင်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကရာတေး၊ အေရိုးဗစ်၊ Fitness Dance စသည့် အားကစားနည်းများကို သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကို နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချလျှက်ရှိကာ တက်ရောက်သူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၇၅) ဦးခန့် တက်ရောက်ခဲ့ရှိကြောင်း သိရသည်။

သတင်း - စည်သူဌေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)