Pages

Pages

ပေါက်တောမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ရေလောင်း ရေပက်ခံသူများဖြင့် စည်ကားလျက်ရှိ




MNP ၊ ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့တွင် ရေလောင်း ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍လည်းကောင်း၊ ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ နှစ်ဘီးဆိုင်ကယ်များဖြင့် ရေပက်ခံထွက်သူများ၊လမ်းလျှောက်လာသူများအား ရေပက်ကစားကာ စည်ကားလျက်ရှိသည်။ 

ပေါက်တောမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့တွင် ရေလောင်း ရေပက်ကစားခြင်းကို မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့်ကျေးရွာနေပြည်သူများက ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ နှစ်ဘီးဆိုင်ကယ်များ၊ ထော်လာဂျီများ၊ လမ်းလျှောက်သူများဖြင့်လာရောက်ကာ ရေပက်ခံထွက်ပြီးအေးချမ်းစွာဖြင့်ရေကစားလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment