အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့

 


MNP - ဧပြီ  ၁၁

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများမှ ဧပြီလ ၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့ကြသူများအား ထောက်ပံငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လေဘေးသင့်ခဲ့သည့် ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာ ၈ ရွာတို့မှ ပြိုလဲနေအိမ် (၁၁)လုံးနှင့် အမိုးလန်နေအိမ်(၃၀)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက်  အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၂၉၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၄၁)စုရှိ လူဦးရေ(၁၆၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃၄၄၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၆၃၄၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၁)အိမ်ထောင်စာတို့ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)