ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်


MNP - ဧပြီ    ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီသာယာဝတီခရိုင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အမှတ်(၄)ရပ်ကွက် စည်ပင်သာသာ လမ်းတွင် ဗဟိုမဏ္ဍပ်တည်ဆောက်ထားရှိပြီး ရေပက်ကစားခြင်း ယိမ်းအကအဖွဲ့များ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်တွင် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဗဟိုရေကစားမဏ္ဍပ်၌ယိမ်းအဖွဲ့များက အလှည့်ကျကပြဖျော် ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များကို ရပ်ကွက်/လမ်းများ၌ ရွတ်ဖတ်ခြင်းများနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)