Pages

Pages

မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် နေအိမ်များအမိုးလန် ပျက်ဆီး



MNP - ဧပြီ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်ကျေးရွာအုပ်စုနှင့် ထီးလှိုင်ကျေးရွာအုပ်စု၊ ရွာတန်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင်းများ ကျရောက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်စာသင် ကျောင်းနှင့်ဓမ္မာရုံတို့ အမိုးလန်ပျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၂၆)ရက်(၁၆)နာရီ(၃၅)မိနစ်အချိန်တစ်နာရီမိုင်(၅၀)နှုန်း တိုက်ခက်ခဲ့သော မိုးသက်သေပြင်းကြောင့် ရွှေဖလားကန်ကျေးရွာအုပ်စုရှိ စိန်ပန်းပင်ကျေးရွာနှင့် ထီးလှိုင်ကျေးရွာအုပ်စု ထီးလှိုင်(အနောက်)ကျေးရွာ၊ ဆည်ရွာကျေးရွာ၊ ရွာတန်းကျေးရွာတို့ရှိ လူနေအိမ်(၂၁)လုံး၊ စာင်သင်ကျောင်းဆောင်(၁)ခု၊ ဓမ္မာရုံ(၁)ခုတို့ အမိုးလန်ပျက်ဆီးခဲ့ခြင်းနှင့် သစ်ပင်ကြီးများပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခက်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း - ကိုရဲ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment