MNP - ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်တာဝန်ပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်သိန်းသိန်းက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် လယ်ဝေးမြို့နယ်အနေဖြင့် လျာထားသည့် လယ်ယာကဏ္ဍ၊ သားငါး၊ သစ်တော၊ သတ္ထုနှင့် လျှပ်စစ်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်မှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ ကုန်သွယ်မှုနှင့်အခြားဝန်ဆောင်မှု ကဏ္ဍများတွင်တိုးမြှင့်ဆောင်ရွက်မည့်စီမံကိန်းရည်မှန်းချက်များအားရှင်းလင်းတင်ပြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်း ရည်မှန်းချက်တာဝန်များအား သက်ဆိုင်ရာဌာနများအလိုက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment