မောင်တောမြို့၌ (ပထမ)အကြိမ် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ (ပထမ)အကြိမ် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ













MNP ၊ ဧပြီ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ)အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့ နံနက်(၉)နာရီက ဗဟိုလ်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မြင့်သိန်းက  ရခိုင်ရိုးရာနံ့သာသွေးပြိင်ပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးဦးခင်မောင်က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက်ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၅ သင်း  ပါဝင်ယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီး များက အကဲဖြတ်အမှတ်ပေးကြသည်။ဆက်လက်၍ ရခိုင် ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေပေးကြပြီး ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများ နှင့်  အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များတက်ရောက် ကြည့်ရှု့အားပေး ခဲ့ ကြသည်။ 

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နံ့သာသွေးပြိုင်ဝင်အသင်း တစ်သင်းလျှင် ပြိုင်ပွဲ ဝင်(၁၂)ဦးစီ ပါဝင် ယှဉ်ပြိုင်ကြပြီး၊ ဝတ်စား ဆင်ယင်မှု နှင့် သပ်ရပ်မှု ၊ အသင်းအဖွဲ့၏ လှုပ်ရှားမှု ၊  ညီညာမှု၊ သပ်ရပ်မှု ၊ နံ့သာသွေးရာတွင် သန့်ရှင်းသပ်ရပ်မှု ၊ စည်းစနစ်ကျမှု ၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု ၊ ဟန်ပန်အမှုအရာ စသည့်ဖြင့် အမှတ်ပေး မည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းအဖွဲ့ထံမှ သိရသည်။ 

ပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများကို ဧပြီ ၁၇ ရက်နေ့တွင် ပထမ ၊ ဒုတိယ ၊ တတိယ ၊ နှစ်သိမ့်ဆု စသည့် ဆုများ ရရှိခဲ့သည့် အသင်းများအား ဆုအသီးသီး ချီးမြှင့် ပေးမည်ဖြစ်ကြောင်း သိရသည်။ 


 သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)