MNP ၊ ဧပြီ ၁၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သွားရောက်စစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းနှင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များတို့က ပေါင်မြို့၊ ကဒါ ရပ်ကွက်ရှိ "စိုးမိုးစံ" စက်သုံးဆီအရောင်းဆိုင်၌ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများအရန်သင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်ရေးဆွဲထားရှိမှု အခြေအနေ၊ စက်သုံးဆီသိုလှောင်ကန်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှုအခြေအနေ၊ မီးသတ်ရေကန်များ အရန်သင့်ရေအပြည့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်မှုမရှိစေရေး တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment