နယ်စပ်မြို့ကော့သောင်း သင်္ကြန်ပွဲတော် မြန်မာရိုးရာယဉ်ကျေးမှုနှင့် အညီ ကျင်းပသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်စပ်မြို့ကော့သောင်း သင်္ကြန်ပွဲတော် မြန်မာရိုးရာယဉ်ကျေးမှုနှင့် အညီ ကျင်းပသွားမည်

 


MNP -  ဧပြီ   ၁၂

ကော့သောင်းမြို့၌ ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ပြီးစီးနေပြီဖြစ်ရာ လာမည့် သင်္ကြန်အကြိုနေ့မှ စတင်ကာ သင်္ကြန်ပွဲတော်အား ယခင်ကာလများနည်းတူ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ဖက်အစွန်း ကော့သောင်းမြို့သည် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်ရာ သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း နိုင်ငံတဝန်းမှ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ဆင်နွှဲ ရေပက်ကစားလေ့ရှိရာ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်သည့်အညီ မြန်မာတို့၏ ယဉ်ကျေးဖွယ်ရိုးရာဓလေ့များအား သိရှိလေ့လာနိုင်ရေး၊  မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ နွှဲပျော်နိုင်ရေး သင်္ကြန်ကာလအတွင်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များအား တာဝန်ရှိအဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့် အသိပေးလှုံ့ဆော်ထားပြီး ရပ်ကွက်အလိုက် မြန်မာရိုးရာယိမ်းအက ပြိုင်ပွဲဝင်အဖွဲ့များ ကြိုတင်လေ့ကျင့်မှုများဖြင့် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

၎င်းအပြင် မြို့နယ်ဗဟိုဆုပေးမဏ္ဍပ်၊ ဌာဆိုင်ရာနှင့် ရပ်ကွက်ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေး မဏ္ဍပ်များအား ဆောက်လုပ်ပြီးစီးနေကြပြီးဖြစ်ပြီး ယခုနှစ် သင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝှမ်းမှ လည်ပတ်ကြမည့် ပြည်တွင်းခရီးသွားဧည့်သည်များအား မြန်မာ့ရိုးရာ ဓလေ့စရိုက်များ ဂုဏ်တင့် တယ်စွာ ပိုမိုလေ့လာသိရှိနိုင်ကြစေရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာရေး ဆွဲဆောင်မှုတစ်ရပ်အသွင်ဖြင့် ရိုးရာအစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)