Pages

Pages

ဒွန်ဘတ်နှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရုရှား ရည်ရွယ်ထား


မော်စကို၊ ဧပြီ ၂၃ 

ယူကရိန်းနိုင်ငံ လက်ရှိဖြစ်ပွားနေသည့် အထူးစစ်ဆင်ရေး ဒုတိယအဆင့်အတွင်း ရုရှား စစ်တပ်၏ တာဝန်များအနက် တစ်ခုမှာ “ဒွန်ဘတ်နှင့် ယူကရိန်း တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန်” ဖြစ်ကြောင်း ရုရှားနိုင်ငံ ဗဟိုစစ်ခရိုင်၊ လက်ထောက်ကွပ်ကဲရေးမှူး Rustam Minnekaev က ဧပြီ ၂၂ ရက်က ပြောခဲ့သည်။

ဒွန်ဘတ်စ်ကို ထိန်းချုပ်နိုင်ခြင်းသည် ခရိုင်းမီးယားအား ကုန်းတွင်းစင်္ကြံတစ်ခု ဖန်တီးရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် သတ္တုဗေဒဆိုင်ရာ ထုတ်ကုန်များအား အခြားနိုင်ငံများသို့ လွှဲပြောင်းထားရာ ပင်လယ်နက်ဆိပ်ကမ်းများ အပါအဝင် ယူကရိန်း၏ အရေးပါသော အဆောက်အအုံများအား လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများ အစည်းအဝေး၌ Minnekaev က ပြောခဲ့သည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းအား ထိန်းချုပ်နိုင်ခြင်းသည် Transnistria သို့ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း Minnekaev က ဆိုသည်။ 


Ref : (ဆင်ဟွာ)

Myanmar National Post


No comments:

Post a Comment