MNP ၊ ဧပြီ ၂၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် (ယနေ့နံနက်) ဧပြီလ ၂၀ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ် အချိန်ခန်က နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်အား လက်လုပ်ဗုံး ဖြင့်လာရောက်ပစ်ခတ်သူ အကြမ်းဖက်သမား အမျိုးသား နှစ်ဦး ဆိုင်ကယ်အတွင်း ပါလာသော လက်လုပ်မိုင်း ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို ဈေးရပ်ကွက်ရှိ မြန်မာ့စီးပွား ရေးဘဏ်တွင် လုံခြုံရေးယူ၍ ဆောင်ရွက်နေသော လုံခြုံရေးကင်းစခန်းအား အထက်ပါ အကြမ်းဖက်အမျိုးသား နှစ်ဦးမှ လက်လုပ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ပြီး အဆိုပါ လက်လုပ်ဗုံး နှစ်လုံးအနက် တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း ကျရောက်ပေါက်ကွဲခဲ့သည့် ဗုံးမှာလည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်သမားများသည် ပစ်ပေါက်ပြီးထွက်ပြေးရာ ဈေးရပ်ကွက်က ဝင်းလိုက်အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ အရောက်မှာ ဆိုင်ကယ် Tool Box အတွင်းမှာ ပါလာသော လက်လုပ်ဗုံးက ပေါက်ကွဲပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အကြမ်းဖက်သမား နှစ်ဦးသည် မြန်မာစီးပွားရေးဘဏ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးပြီးနောက် ကမ္ဘောဇဘဏ်အား ထပ်မံ ပစ်ခတ်ရန် လာရောက်စဉ် ဘဏ်အနီးနားအရောက်တွင် ပေါက်ကွဲမှုဖြစ်၍ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment