MNP - ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းကို ယမန်နေ့ က ၅၄၀ ဂိတ်ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် ၊ ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလှဇံ နှင့် ဝန်ထမ်း များ၊ ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တို့ ပူးပေါင်း၍ ခရီး သွားပြည် သူများအားနိုင်ငံသားစိစစ်ရေးကတ်ယူဆောင်သွားလာရေးအတွက် အသိပညာပေး စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများအား မြို့နယ်ပြင်ပသို့ ခရီးသွား မည်ဆိုပါက လဝက မှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ ပြုနိုင်ငံသားကတ် များကို တစ်ပါတည်းယူဆောင်သွားလာကြရန် စစ်ဆေးပြီး မှတ်ပုံတင်များမရှိ ပါက မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိလျှင် မှတ်ပုံတင်ရရှိရေး အသိပညာပေးဆောင် ရွက် ခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်းမှ စ တင်ကာ ခရီးသွားလျှင် မှတ်ပုံတင် မပါ မ ဖြစ်ကိုင် ဆောင်ကြရန် လိုအပ် ကြောင်း ကြေငြာ ထား ပြီး ဖြစ်ရာ အသက်(၁၆) နှစ်နှင့်အထက် အ ကျုံးဝင် သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ပန်းခင်းစီမံ ချက်ဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိစေရေးအတွက် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ ကွင်းဆင်းစစ်ဆေးအသိပညာပေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment