Pages

Pages

ဂွမြို့ ဗေဒါ(၁)ဘိနယ်အတွင်းရှိ တောင်ခွဲပေါက်တွင် တရားမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


MNP ၊ ဧပြီ   ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဗေဒါ(၁)ဘိနယ်အတွင်းရှိ တောင်ညိုကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၉၇)၊ ဒေသအခေါ် (တောင်ခွဲပေါက်)တွင် ယနေ့ ညနေပိုင်းက တရားမဝင် တောင်သရက်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဗေဒါ(၁)ဘိနယ်အတွင်း တရားမဝင် သစ်များလက်ဝယ်ထား/သယ်ဆောင်ခြင်းများ မရှိစေရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ပူးပေါင်း၍ နယ်မြေအတွင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တောင်ညိုကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၉၇)၊ ဒေသအခေါ် (တောင်ခွဲပေါက်)တွင် တရားမဝင် တောင်သရက်ခွဲသားစုစုပေါင်း(၃၀)ချောင်း၊ (၃.၀၀၃၆)တန်၊ ခန့်မှန်းတန်ဖိုးစုစုပေါင်း(၃၆၀၄၃၂)ကျပ် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသော သစ်ခွဲသားများအား ဂွမြို့နယ် (၁၄)မိုင် သစ်တောစခန်း သို့ သယ်ယူ၍ သစ်တော လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost


No comments:

Post a Comment