လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၁၈

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေး ဆွေးနွေးပွဲကို ယနေ့တွင် ချမ်းသာကုန်းကျေးရွာအုပ်စု အမကကျောင်းဝင်း၌ ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က စပါးအထွက်တိုးစေသော စိုက်နည်းများအကြောင်း၊ မျိုးကောင်းမျိူးသန့် ရရှိစေရေး၊ နေကြာသီးသန့် စိုက်ပျိူးနိုင်ရေးအတွက် နည်းပညာများပေးကာ သဘာဝဓာတ်မြေဩဇာ သုံးစွဲရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် စိုက်ပျိုးနိုင်ရေးနှင့် ကျွဲနွားများကို လွှတ်ကျောင်းစနစ်ထက် ခြံလှောင်စနစ်ဖြင့် မွေးမြူရေး အကြောင်းအရာများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေဥပဒေ နည်းဥပဒေများအကြောင်း၊ ဆည်မြောင်းဦးစီးဌာနမှ လယ်ယာမြေ ရေရရှိရေး အသုံးပြုနည်း အကြောင်းအရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး၊ ထင်းစိုက်ခင်း ပျိုးထောင်စိုက်ပျိုးနိုင်ရေး အကြောင်းအရာများကို အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သော တောင်သူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးမင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)