MNP - ဧပြီ ၂၀
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှုး ဒေါ်ခင်ချောမြင့်နှင့် ဝန်တမ်းများအားတွေ့ဆုံ၍ ပေါက်ခေါင်းမြို့နယ် အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး၊ စာရင်းဇယားများပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment