Pages

Pages

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ အား သိရီသုဓမ္မမဏိဇောတဓရ ခန့်စည်သူနှင့် တပည့်ဒါယိကာများက ထပ်ဆင့်ပူဇော်ပွဲ ကျင်းပ










MNP ၊ ဧပြီ ၁၈

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မဝိဟာရပထမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဂရုဝံသ ပထမကျော်ဆရာတော်ဘုရား၊ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် သိရီသုဓမ္မမဏိဇောတဓရ ခန့်စည်သူနှင့် တပည့်ဒါယကာ ဒါယိကာမများမှ စုပေါင်း၍ ထပ်ဆင့်ပူဇော်ဂုဏ်ပြုပွဲကို သင်္ကြန်အတက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာသခင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ အင်းစိန်ရွာမဆရာတော်ဘုရားကြီး(အဝေးရောက်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ အင်းစိန်တောရတပ်ဦးကျောင်း မိုးကုတ်ရိပ်သာကြီး၏ ကမ္မဋ္ဌာနာစရိယဆရာတော် ဒေါက်တာသဒ္ဓမ္မကိတ္တိသာရ၊  သုတဗုဒ္ဓ၊ တိပိဋကပါဠိပါရဂူ၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ မော်ကျွန်းဆရာတော်၊ ရွှေတိဂုံစေတီတော်၌ကျင်းပခဲ့သော စေတိယင်္ဂဏဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာရာလင်္ကာရာဘိဝံသဆရာတော်များအား ထပ်ဆင့်ဂုဏ်ပြုချီးကျူးပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment