တွံတေးမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲပြုလုပ်

 


MNP - ဧပြီ    ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာတွင် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံ လျှော်) စိုက်ပျိုးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက တမံကြီးကျေးရွာအုပ်စု၊ ဦးချိတ်စုကျေးရွာရှိ ကွင်းအမှတ်( ၁၅၀-င )တောင်သူဦးခင်ဇော်၏ လယ်ယာမြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များ ကိုနှိမ်နင်းနိုင်ပြီး အကျိုးပြုအဏုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိအကျိူးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိူးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပိုက်ဆံလျှော် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ (၃) အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ  ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို စိုက်ပျိူးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခင်မောင်ဦးက တောင်သူများအား အသိပညာပေးပြောကြား၍ ပိုက်ဆံလျှော် ကြဲပက်စိုက်ပျိူးခဲ့ကြသည်။ သဘာဝသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့စိုက်ပျိုးကြဲပက်ပွဲသို့ တမံကြီး ကျေးရွာအုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)