Pages

Pages

မာန်အောင်မြို့ မဟာဓမ္မိကာရုံဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ မဟာထေရ်သက်တော်(၇၁)နှစ်ပြည့် ဝိဇာတမင်္ဂလာမွေးနေ့အလှူပွဲကျင်းပ







MNP ၊ ဧပြီ ၂၆  

ရခိုင်ပြည်နယ် မာန်အောင်မြို့ မဟာဓမ္မိကာရုံဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ မထေရ် သက်တော်(၇၁)နှစ်ပြည့်ဝိဇာတမင်္ဂလာမွေးနေ့အလှူပွဲကို ယနေ့နံနက်၇နာရီခွဲက မဟာဓမ္မိကာရုံကျောင်းတိုက်၌ကျင်းပခဲ့သည်။

 အခမ်းအနားတွင် ဖိတ်ကြားထားသော ပရိတ်သတ်များက မဟာဓမ္မိကာရုံကျောင်းဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ

ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မဟာဓမ္မိကာရုံဆရာတော်ထံမှ တရားတော်မြတ်ကိုနာယူကြပြီး လှူဒါန်းမှုအစုစုတို့အားရေစက်သွန်းချအမျှပေးဝေကာ ပင့်သံဃာတော်(၂၅)ပါးအားလှူဖွယ်ဝတ္တုများနှင့် ပရိတ်သတ်များအား ရခိုင်မုန့်တီဖြင့်ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment