Pages

Pages

တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက်ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး များထိုးနှံပေး




MNP ၊ ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် အ သက် (၁၈)နှစ်နှင့် အထက်နှင့်နှစ်ကြိမ်ထိုးနှံပြီးသူများအား ယနေ့နံနက်  (၉) နာရီ အချိန်က စတင်ပြီး တပ်တောင်မြို့အမှတ် (၃) ရပ်ကွက် ကျေးလက်ကျန်းမာရေး ဌာန ၌ ကျန်းမာ ရေးဝန် ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

     

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ လာရောက် ထိုးနှံသည့် သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံထားပြီးသူများအား မိနစ် ၃၀ခန့် စောင့်ကြည့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment