အင်္ဂပူမြို့၌ နွေရာသီအခြေခံအား ကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့၌ နွေရာသီအခြေခံအား ကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ




MNP - ဧပြီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်အားကစားခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက နွေရာသီအားကစားသင်တန်းကို တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ပေါက်လာစေမှာဖြစ် ကြောင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များကို စနစ်တကျ တတ်မြောက်စေလိုကြောင်း၊ သင်တန်းဆင်းပြီးသော်လည်း အားလပ်ချိန်တိုင်း အားကစားကွင်းတွင်လာရောက် လေ့ကျင့်ကစားနိုင် ကြောင်းတို့ကို သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့သိုင်းသင်တန်းသား၊ သင်တန်းသူများမှ အခြေခံ(၆၃)မောင်း သရုပ်ပြခြင်း၊ Fitness Dance  သင်တန်းသူများမှ သရုပ်ပြက ပြခြင်း၊ ဝူရူးအုပ်စုလိုက်သရုပ်ပြခြင်း၊ အေရိုးဗစ်သင်တန်းသူများမှ သရုပ်ပြခြင်းနှင့် မြန်မာသိုင်း(၂) ယောက်တွဲ အတွဲတိုက်သရုပ်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင်ထူးချွန်သူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်း - မန်းကျော်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)